Women’s LEAD အဖွဲ့အစည်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း ၊လားရှိုးမြို့အခြေစိုက်အဖွဲ့ဖြစ်ပြီး လူကုန်ကူးမှု တားဆီး ကာကွယ်ရေး၊ ကျား/မ အခြေပြု အကြမ်းဖက်မှု တားဆီးရေးနှင့် ကာကွယ်စောင့် ရှောက်ရေး၊ အမျိုးသမီးအခွင့်အရေး၊ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အကြမ်းဖက်ခံရသော အမျိုးသမီးများ၊ ကလေးငယ်များ အတွက် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု ပေးခြင်း၊ ဥပဒေဆိုင်ရာဝန်ဆောင်မှု ပေးခြင်း၊ လုံခြုံအိမ်ယာစီမံပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း၊ အသက်မွေးဝမ်း ကျောင်းဆိုင်ရာ သင်တန်းများပေးခြင်း၊အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်တက်ရေး သင်တန်း များပေးခြင်း ၊ကျောင်းပြင်ပဆိုင်ရာ ပညာရေးလုပ်ငန်းများ စသည့် ဝန်ဆောင်မှုလုပ်ငန်းများကိုဆောင်ရွက်ပါသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပဋိပက္ခများနှင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် လူငယ်များ၊ လူငယ်များနှင့် အမျိုးသမီးများ၏ လူနေမှုဘ၀နှင့် ဝင်ငွေများ တိုးတက်စေရန် အတွက်လိုအပ်သောကျွမ်းကျင်မှုသင်တန်းများကို ပြုလုပ်ခဲ့ပါသည်။ ရပ်ရွာလူထုမှ IDP နှင့် အမျိုးသမီးများအား ကူညီပံ့ပိုးပေးလျက်ရှိပြီး တူညီသောစိတ်ပါဝင်စားမှုရှိသော အမျိုးသမီးများ အား ထုတ်လုပ်သူအဖွဲ့များဖွဲ့စည်းရန် ကူညီပေးနေပါသည်။ ရလဒ်အနေဖြင့် အမျိုးသမီး ထုတ်လုပ်သူအဖွဲ့အများအပြားကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။ စိန်ခေါ်မှုများစွာ ရှိသည့်အနက် စျေးကွက်ရရှိရေးသည် အမျိုးသမီးများအဖွဲ့များအကြား ဆွေးနွေးမှု အများဆုံး ခေါင်းစဉ်ဖြစ်ခဲ့သည်။ အခက်အခဲများကြောင့်၊ သာမန်စျေးကွက်များသည် ကောင်းမွန်စွာ လည်ပတ် နိုင်ခြင်း မရှိသောကြောင့် အမျိုးသမီးများအဖွဲ့များသည် စျေးကွက်ဝင်ရောက်ခွင့်ကို မြှင့်တင်ရန် လိုအပ်သည်ဟု ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် အမျိုးသမီးများအဖွဲ့များထုတ်သည့် ထုတ်ကုန်များကို မြှင့်တင်ရန်အတွက် E-commerce ပလပ်ဖောင်းကို အသုံးပြုရန် စိတ်ကူးကို မိတ်ဆက်ပေးခဲ့ပါသည်။ စျေးကွက်များသို့ လက်လှမ်းမီခြင်းသည် စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုကို အတိုင်းအတာတစ်ခုအထိ ကူညီပေး နိုင်ပြီး ထုတ်ကုန်အရည်အသွေးကို တိုးမြှင့်ပေးနိုင်မည် ဖြစ်ပါသည်။အမျိုးသမီးများ၏ထုတ်ကုန်များကို အွန်လိုင်းတွင် ရောင်းချခြင်းဖြင့် စျေးကွက်ချဲ့ထွင်နိုင်ရန် နှင့် အမျိုးသမီး များအတွက် E-commerceဝဘ်ဆိုဒ်ကို ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပါသည်။ထုတ်ကုန်များကို သုံးစွဲသူများသည် ဝဘ်ဆိုက်မှ တိုက်ရိုက် မှာယူနိုင်ပါသည်။ အဆိုပါဝဘ်ဆိုဒ်ကို နိုင်ငံတကာနှင့် ပြည်တွင်းအလားအလာရှိသော သုံးစွဲသူများထံရောက်ရှိစေရန် အင်္ဂလိပ်နှင့် မြန်မာဗားရှင်းနှစ်မျိုးစလုံးဖြင့် ဖော်ပြသွားမည်ဖြစ်သည်။ဤ e-commerce စနစ်မှတဆင့် အလားအလာရှိသော စီးပွားရေးလုပ်ငန်းများ နှင့် ပြန်လည်ရောင်းချသူများနှင့် အောင်မြင်သောချိတ်ဆက်မှုတစ်ခုကို ဖန်တီးရန်လည်း ရည်ရွယ်ပါသည်။
ပူးပေါင်းဆောင်ရွှက်မှု Cooperation Women’s LEAD သည် မိမိတို့နှင့် ရည်မှန်းချက်တူသော အခြား အသင်းအဖွဲ့များ၊ အစုအဖွဲ့များ နှင့် ပူးပေါင်းဆောင်ရွှက်ခြင်းအားဖြင့် ပိုမိုကြီးမားသော အကျိုးရလဒ်များ ရရှိနိုင်သည်ဟု ယုံကြည်သည်။ စီမံကိန်းဒေသတွင်းရှိ လူထု၏ ပူးပေါင်းဆောင်ရွှက်မှုကို ရယူနိုင်မှသာ စီမံကိန်း ရေရှည်တည်တံ့နိုင်မည် ဖြစ်သည်။ တာဝန်ယူမှု တာဝန်ခံမှု Accountability Women’s LEAD နှင့် လက်တွဲလုပ်ဆောင်နေသော မိတ်ဖက်အဖွဲ့အစည်းများ၊ တစ်ဦးချင်း အလှူရှင်များ၊ မိတ်ဖက်အလှူရှင်အဖွဲ့အစည်းများ နှင့် Women’s LEAD မှ ဝန်ဆောင်မှုပေးနေသော လူထုအပေါ် မိမိတို့ လုပ်ဆောင်သည့် လုပ်ငန်းများသော်လည်းကောင်း လုပ်ဆောင်မှုမှ အကျိုးရလဒ်များကိုသော်လည်းကောင်း တာဝန်ယူ၊ တာဝန်ခံသည်။ ၎င်းသည် Women’s LEAD အဖွဲ့အစည်း၏ ဂုဏ်သိက္ခာ ဖြစ်သည်ဟု ခံယူသည်။ သင်ယူမှု Learning Women’s LEAD အဖွဲ့အစည်းသည် မိမိတို့လုပ်ငန်းလုပ်ဆောင်မှုများ မှ အတွေ့အကြုံ သင်ခန်းစာများကို စဉ်ဆက်မပြတ် သင်ယူနေသည် သာမက အခြား အဖွဲ့အစည်းများထံမှ လည်း ၎င်းတို့၏ အတွေ့အကြုံသင်ခန်းစာများကို သင်ယူသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် Women’s LEAD အဖွဲ့အစည်းကို ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု လက်ခံထားသည်။ သင်ယူမှုအတွက် စနစ်များ၊ အထောက်အကူပြု အခြေအနေဝန်းကျင်များ၊ အလေ့အထကောင်းများ ဖန်တီးထားရှိသည်။
အမျိုးသမီးများ၏ ဘဝကို ပြောင်းလဲရန်ကူညီပေးသည်။
လုပ်ဆောင်ချက်များ(Mission) အမျိုးသမီးများအား လူ့အခွင့်အရေးနှင့်အညီ ပျော်မွှေ့နေထိုင်နိုင်လာရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည်။ အမျိုးသမီးများအား စီးပွားရေး ၊နိုင်ငံရေး၊လုံခြုံရေး အခန်းဏ္ဍများတွင် ဦးဆောင်ပါဝင်လာနိုင်စေရန် စွမ်းဆောင် ရည်မြင့်တင်ရေးလုပ်ငန်းများဆောင်ရွက်သွားမည်
အနာဂတ်ရည်မှန်းချက်(Vision) ကျားမခွဲခြားမှုကင်းပြီး ငြိမ်းချမ်းသာယာသည့် လူဘောင် ကို မျှော်မှန်းလုပ်ဆောင်နေပါတယ်။